About Us


၁။ သင်းအုပ်၏ အမှာစကား Pastor’s Message 

၂။ ကျွန်ုပ်တို့၏ ယုံကြည်ချက် Our Belifes 
၃။ အသင်းတော် တာဝန်ရှိအမှုတော်ဆောင်များ Church Leaders
၄။ အသင်းတော် သမိုင်းအကျဉ်း Brief Church History
၅။ အသင်းတော် အချက်အလက်များ Church's Information
၆။ မိသားစုဓါတ်ပုံများ Family Album


သင်းအုပ်၏ အမှာစကား Pastor’s Message 

စည်းစည်းလုံးလုံး၊ အမှုတော်ဆောင်ရင်း ခရစ်တော်နည်းတူ ချစ်ဖို့ရန်ခေါ်ခြင်း

ကမ္ဘာပေါ်တွင် မကြာခဏခွဲခြားဆက်ဆံမှုများဖြင့် ပြည့်နှက်နေသော ဤကာလတွင်၊ ခရစ်တော်သည် မိမိ၏လူများကို တစ်လုံးတဝတည်း ဖြစ်လာစေရန် ခေါ်တော်မူပါသည်။ ကိုယ်တော်၏ ယဇ်ပုရောဟိတ်ဆုတောင်းချက်ထဲတွင် ယေရှုခရစ်တော်က “ကိုယ်တော်သည် အကျွန်ုပ်၌ရှိတော်မူ၍ အကျွန်ုပ်သည် လည်း ကိုယ်တော်၌ရှိသကဲ့သို့၊ ထိုသူအပေါင်းတို့သည် ငါတို့၌တလုံးတဝတည်းဖြစ်စေခြင်းငှါ ဆုတောင်းပါ၏” (ယောဟန် ၁၇:၂၁) ဟု မိမိ၏တပည့်တော်များအတွက် ဆုတောင်းခဲ့ပါသည်။ ဤစည်းစည်းလုံးလုံး ဖြစ်ခြင်းသည် ဘုရားသခင်ထံမှ လာသော ချစ်ခြင်းမေတ္တာအပေါ် အခြေခံထားပါသည်။

ကျွန်တော်တို့ အသင်းတော်သည် ဗမာ၊ ချင်း၊ ကရင်၊ ကိုရီးယား နှင့် အခြားလူမျိုးများ ပါဝင်သော အမျိုးစုံလင်သောယဉ်ကျေးမှု ရှိသည့် မိသားစုတစ်ခု ဖြစ်ရခြင်းအတွက် အမှန်တကယ် ကောင်းချီးခံရပါသည်။ ကျွန်တော်တို့ နောက်ခံနှင့် ယဉ်ကျေးမှု ကွဲပြားနေသော်လည်း ခရစ်တော်ထဲတွင် တစ်သားတည်း ဖြစ်နေကြပါသည်။ ဤမျိုးစုံမှုသည် ဘုရားသခင့် နိုင်ငံတော်၏ အလှတရားကို ရောင်ပြန်ဟပ်နေပါသည်။

တစ်ချိန်တည်းမှာပင် ကျွန်တော်တို့သည် ခရစ်တော်နည်းတူ ချစ်ခြင်းမေတ္တာတွင် အမှန်တကယ် ကြီးထွားနေဆဲ ဖြစ်ကြောင်း နှိမ့်ချစွာ အသိအမှတ်ပြုပါသည်။ တစ်ဦးနှင့်တစ်ဦး ပိုမိုနက်ရှိုင်းစွာ ချစ်မြတ်နိုးလိုကြပြီး၊ ပိုမိုစိတ်ရှည်သည့်၊ နားလည်မှုရှိသည့်၊ ပိုမိုစည်းစည်းလုံးလုံး ဖြစ်လာလိုကြပါသည်။ ကျွန်တော်တို့၏ နှလုံးသားများကို ဘုရားသခင် ဆက်လက်ပြောင်းလဲပေးပါစေဟု ဆုတောင်းကြပါသည်။ သို့မှသာ ကိုယ်တော်၏ ချစ်ခြင်းမေတ္တာ ကျွန်တော်တို့အကြား ထင်ရှားစွာ ပေါ်လွင်လာမည် ဖြစ်ပါသည်။

ကျွန်တော်တို့သည် ခွဲခြားဆက်ဆံမှု မည်သည့်ပုံစံကိုမဆို ပယ်ရှားပါသည်။ အသင်းသား တစ်ဦးချင်းစီသည် ဘုရားသခင့်မျက်စိတွင် အဖိုးတန်ကြောင်း အတည်ပြုပါသည်။ လူတိုင်းသည် ဘုရားသခင်ထံမှ ထူးခြားသော ဆုလက်ဆောင်များ ရရှိထားကြပါသည် — ကိုယ်ပိုင်ဂုဏ်သတင်းအတွက်မဟုတ်ဘဲ ဘုရားသခင့် ဘုန်းအသရေအတွက်သာ ဖြစ်ရပါသည်။ ယေရှုကိုယ်တိုင် “ငါနှင့်ကွာလျှင် သင်တို့ ဘာမျှ မတတ်နိုင်ကြ” (ယောဟန် ၁၅:၅) ဟု မိန့်တော်မူခဲ့ပါသည်။ သို့သော် ကိုယ်တော်အားဖြင့် ကျွန်တော်တို့ အတူတကွ ကြီးထွားနိုင်ပြီး အမှု ဆောင်နိုင်ပါသည်။

အသင်းတော်တစ်ပါးအနေနှင့် ကျွန်တော်တို့သည် ယနေ့အတွက်အမှန်တရားဖြစ်သည့်— နောက်ဆုံးသောကာလများအတွက် ကောင်းကင်တမန်သုံးပါးတို့၏ အရေးတကြီး သတင်းစကာကို ဟောပြောရန် ခေါ်တော်မူခြင်း ခံရပါသည် (ဗျာဒိတ် ၁၄:၆-၁၂)။ ဤသည်မှာ ကမ္ဘာလူသားများအတွက် ဘုရားသခင်၏ နောက်ဆုံး ကရုဏာတောင်းပန်ချက် ဖြစ်ပြီး ကျွန်တော်တို့ထံ ဤသန့်ရှင်းသော တာဝန်ကို အပ်နှင်းထားခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကို လိုအပ်နေကြောင်း နက်နက်ရှိုင်းရှိုင်း သိရှိပါသည်။ ကိုယ်တော်၏ တန်ခိုးတော်မှတစ်ဆင့်သာ ခရစ်တော် ခေါ်တော်မူသည့်အတိုင်း စစ်မှန်စွာ ချစ်နိုင်၊ စည်းစည်းလုံးလုံး ဖြစ်နိုင်ပြီး အမှုတော်ဆောင်နိုင်မည် ဖြစ်ပါသည်။

ကျွန်တော်တို့၏ ရည်မှန်းချက်မှာ အသင်းဝင် တစ်ဦးချင်းစီ အမှုတော်တွင် တက်ကြွစွာ ပါဝင်နိုင်ပြီး၊ ပါဝင်မှုရှိသည့် အသင်းတော်ဖြစ်လာရန် ဖြစ်ပါသည်။ ချစ်ခြင်းမေတ္တာနှင့် စည်းစည်းလုံးလုံး ကြီးထွားလာသည်နှင့်အမျှ အတူတကွ ကိုယ်တော် မကြာမီ ပြန်ကြွလာတော်မူမည့်အတွက် ပြင်ဆင်နေကြပါသည်။

ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်း ရှိပါစေ၊ ဆွမ်လျှံခမ် (သင်းအုပ်)

A Call to Unity, Service, and Christlike Love

In a world often marked by division, Christ calls His people to be one. In His high priestly prayer, Jesus asked that His followers “may all be one, just as you, Father, are in me, and I in you” (John 17:21). This unity is rooted in the love that comes from God.

We are truly blessed that our church is a multicultural family, including Burmese, Chin, Karen, Korean, and so on. Though we come from different backgrounds and cultures, we are one in Christ. This beautiful diversity reflects the richness of God’s kingdom.

At the same time, we humbly acknowledge that we are still growing in Christlike love. We long to love one another more deeply, to be more patient, more understanding, and more closely united. We pray that God will continue to transform our hearts so that His love may be clearly seen among us.

We firmly reject every form of discrimination and affirm that every member is valuable in God’s eyes. Each person has been given unique gifts by God—not for personal recognition, but for His glory. As Jesus Himself said, “Apart from me you can do nothing” (John 15:5). But through Him, we can grow and serve together.

As a church, we are called to proclaim the present truth—the urgent message of the three angels for these last days (Rev 14:6-12). This is God’s final appeal of mercy to the world, and we have been entrusted with this sacred mission.

We also recognize our deep need for the power of the Holy Spirit. Only through His enabling can we truly love, unite, and serve as Christ has called us.

Our vision is to be an inclusive church where every member is actively involved in ministry. As we grow in love and unity, we prepare together for the soon return of our Lord Jesus Christ.

Grace and peace Suan Lian Kham (Pastor)



Comments

Popular posts from this blog

Church Family Photo Album

Second Quarter, 2026

Church Officers 2026