ယုံကြည်ချက် (Our Beliefs)
ခရစ်တော်ကို
မြော်လင့်သော သတ္တမနေ့အသင်းတော်၏ အခြေခံယုံကြည်ချက်များ
၁။ သမ္မာကျမ်းစာသည်
ဘုရားသခင်၏အလိုတော်ကိုဖေါ်ပြသည့်မမှားယွင်းနိုင်သောနှုတ်တော်ထွက်စကားများဖြစ်ပြီး
ခရစ်ယာန်များအတွက် တစ်ခုတည်းသောယုံကြည်ခြင်းနှင့်
ကျင့်ဝတ်ပိုင်းဆိုင်ရာစည်းမျဉ်းဖြစ်သည်။ (၂ပေ ၁း၂၀၊၂၁။ ၂တိ ၃း၁၆၊၁၇။ သုတ္တံ
၃၀း၅၊၆။ ဟေရှာ ၈း၂၀။ ၁သက် ၂း၁၃။ )
၂။ ထာဝရဘုရားသည်
ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော
သုံးပါးပေါင်းတစ်ဆူ ဘုရားဖြစ်တော်မူ၏။ (တရား ၆း၄။ မ ၂၈း၁၉။ ၂ကော ၁၃း၁၄။ဧဖက် ၄း၄-၆။
၁ပေ ၁း၂။ ၁တိ ၁း၁၇)
၃။ ခမည်းတော်ဘုရားသည်
ဖန်ဆင်းရှင်၊ မူလအစ၊ အထောက်အမနှင့် အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူ၏။ (က ၁း၁၊၂။ လု
၁း၁၃။ ၄း၁၈။ ယော ၁၅း၂၆၊၂၇။ ၁၆း၇-၁၃။)
၄။ သားတော်ဘုရားသည်
ယေရှုခရစ်တော်အဖြစ် လူဇာတိခံယူခဲ့သော ဘုရားစင်စစ်နှင့်လူသား စင်စစ်လည်း
ဖြစ်တော်မူ၏။ ( ယော ၁း၁-၃၊၁၄။ ကော ၁း၁၅-၁၉။ ယော ၁၀း၃၀။ ၁၄း၉။ )
၅။ ဝိညာဉ်တော်ဘုရားသည်
ဖန်ဆင်းခြင်း၊ လူဇာတိကိုခံယူတော်မူခြင်းတို့တွင် ပါဝင်ပြီး ဥပဇ္စျာယ်ဆရာလည်း ဖြစ်၍
ဝိညာဉ်ဆုကျေးဇူးကို ပေးတော်မူသည်။( က ၁း၁၊၂။ လု ၁း၁၃။ ၄း၁၈။ ယော ၁၅း၂၆၊၂၇။
၁၆း၇-၁၃။)
၆။ ထာဝရဘုရားသခင်သည်
ခပ်သိမ်းသောအရာတို့ကို ခြောက်ရက်တွင် ဖန်ဆင်းတော်မူ၍ သတ္တမနေ့၌ ငြိမ်ဝပ်စွာ
နေတော်မူသည်။ ( က ၁၊၂။ ထွက် ၂၀း၈-၁၁။ ဆာ ၁၉း၁-၆။ ၃၃း၆၊၉။
၁၀၄။ ဟေဗြဲ ၁း၁၊၃။)
၇။ ဘုရားသခင်သည် လူသားကို
ခွဲခြားမှုကင်းသော ကိုယ်၊ စိတ်၊ဝိညာဉ် အဖြစ်မိမိ ပုံသဏ္ဍာန်တော်အတိုင်း
ဘုန်းတော်အဖို့အလို့ငှာ၊ ဖန်းဆင်းရာ လူသည် ကျဆုံးခြင်းအားဖြင့် သေခြင်းတရား
အုပ်စိုးသော်လည်း နောင်တရသောအပြစ်သားသည် ဖန်ဆင်းရှင်၏ ပုံသဏ္ဍာန်တော်အတိုင်း
အသက်ရှင်ခွင့်ရမည်။ ( က ၂း၂၆။ ၂း၁၅။ ဆာ ၈း၄-၈။ က ၃။ )
၈။ ခရစ်တော်နှင့်
စာတန်မာနတ်တို့အကြား မဟာ အငြင်းပွားမှုကြီးတွင်
လူသားမျိူးနွယ်ဆက်အားလုံး တို့ပါဝင် ပတ်သတ်လျက်ရှိပေသည်။ ( ဗျာ ၁၂း၄-၉။ ဟေ
၁၄း၁၂-၁၄။ ယေဇ ၂၈း၁၂-၁၈။ က ၃း၆-၈။ )
၉။ ခရစ်တော်၏အသက်တာ၊
အသေခံခြင်းနှင့် ရှင်ပြန်ထမြောက်ခြင်းသည် တစ်ခုတည်းသော အပြစ်ဖြေရာ ဖြစ်လျက်
အပြစ်နှင့်သေခြင်းကို နောက်ဆုံးအောင်မြင်ရန် အာမခံဖြစ်၏။ ( ယော ၃း၁၆။ ဟေရှာယ ၅၃။
၁ပေ ၂း၂၁၊၂၂။ ၁ကော ၁၅း၃၊၄၊၂၀-၂၂။ ၂ကော ၅း၁၄၊၁၅။ ၁၉-၂၁။ ရော ၁း၄။ ၃း၂၅။ ၄း၂၅။
၈း၃၊၄။ ၁ယော ၂း၂။ ၄း၁၀။ ကော ၂း၁၅။ ဖိ ၂း၆-၁၁။ )
၁၀။ ခရစ်တော်အားဖြင့်
ဖြောင့်မတ်ရာသို့ရောက်၍ သားသမီးအဖြစ်ခံယူသည့်အခါ ဝိညာဉ်တော်သည် စိတ်နှလုံးထဲ၌
ပညတ်တော်ကိုရေးသားပေး၍ သန့်ရှင်းသောအသက်တာနှင့်နေထိုင်ရန် တန်ခိုးကိုလည်း
ပေးတော်မူသည်။သန့်ရှင်းသော ဘဝကိုဝတ်ဆင်စေ၍ ကယ်တင်ခြင်း အာမခံချက်ပေးသည်။( ၂ကော
၅း၁၇-၂၁။ ယော ၃း၁၆။ ဂလာ ၁း၄။၄း၄-၇။ တိတု ၃း၃-၇။ ယော၃း၃-၈။ ယော ၁၆း၈။ ၁ပေ ၁း၂၃။ ရော
၈း၁-၄။ ၅း၆-၁၀။ ယေဇ ၃၆း၂၅-၂၇။ )
၁၁။ စာတန်မာရ်နတ်နှင့်
၎င်း၏တမန်တို့ကို ကိုယ်တော်သက်တော်ထင်ရှားစဉ်နှင့် လက်ဝါးကပ်တိုင်၌
အောင်မြင်ခဲ့ပြီး၊ ကပ်ကမ္ဘာအဆုံး၌ အောင်းပွဲဆင်ဦးမည်။ ယင်းအောင်ပွဲသည်
ကျွန်ုပ်တို့ အောင်ပွဲပင် ဖြစ်သည်။ ကိုယ်တော်အား ကယ်တင်ရှင်နှင့်
သခင်အဖြစ်လက်ခံပြီး၊ နေ့စဉ် ဆုတောင်း၊ နှုတ်ကပတ်တော် ဖတ်ရှု၊ သီချင်းဆို၊
ဝတ်ပြုပြီး သာသနာလုပ်ငန်းတွင် ပါဝင်သောအခါ ကျွန်ုပ်တို့အတွင်း၌ ကိန်းအောင်းသော
ဝိညာဉ်တော်တန်ခိုးကြောင့် နတ်ဆိုးတို့တန်ခိုးကို ကြောက်စရာမလို၊ ခရစ်တော်၏
ပြည့်စုံခြင်းပဏာမ အတိုင်း ကြီးထွားကြသည်။ ( ဆာလံ ၁း၁၊၂။ ၂၃း၄။ ၇၇း၁၁၊၁၂။ ကော ၁း၁၃။
၁၄။ ၂း၆၊၁၄၊၁၅။ လု ၁၀း၁၇၊၂၀။ ဧဖက် ၅း၁၉၊၂၀။ ၆း၁၂-၁၈။ ၁သက် ၅း၂၃။ ၂ပေ ၂း၉။ ၃း၁၈။
၂ကော ၃း၁၇၊၁၈။ ဖိ ၃း၇-၁၄။ ၁သက် ၅း၁၆-၁၈။ မ ၂၀း၂၅-၂၈။ ယောဟန် ၂၀း၂၁။ ဂလာတိ ၅း၂၂-၂၅။
ရောမ ၈း၃၈၊၃၉။ ၁ယော ၄း၄။ ဟေ ၁၀း၂၅။ )
၁၂။ အသင်းတော်သည်
သခင်ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်၍ ခရစ်တော်ကိုယ်တော်တိုင် ဦးခေါင်းတော်လည်း
ဖြစ်တော်မူသည်။ သက်ဝင်ယုံကြည်သူတို့မှာ သတို့သမီး အပျိူကညာများဖြစ်ကြသည်။ ( ဧ
၄း၁၀-၁၅။ ၃း၈-၁၁။ မ ၂၈း၁၉၊၂၀။ ၁၆း၁၃-၂၀။ )
၁၃။ ကျန်ကြွင်းသော
အသင်းတော်ရှိ အသင်းဝင်တို့သည် တရားစီရင်ခြင်းစပြီး ဖြစ်ကြောင်းယုံကြည်၍၊
ကောင်းကင်တမန်သုံးပါး သတင်းစကားကို ဟောကြားရန် ခေါ်တော်မူခြင်း ခံရသူများဖြစ်သည်။
(ဗျာ ၁၂း၁၇။ ၁၄း၆-၁၂။ ၁၈း၄။ )
၁၄။ အသင်းတော်သည် လူမျိုး၊
ဘာသာစကား၊ ယဉ်ကျေးမှု၊ အတတ်ပညာ၊ ဆင်းရဲချမ်းသာ၊ ကျားမ ကွဲပြား ခြားနားသော်လည်း၊
ထာဝရသုံးပါးပေါင်း တစ်ဆူဘုရားဖြစ်သကဲ့သို့ တစ်လုံးတစ်ဝတည်း ဖြစ်၏။ ( ရော ၁၂း၄၊၅။
၁ကော ၁၂း၁၂-၁၄။ မ ၂၈း၁၉၊၂၀။ ဆာလံ ၁၃၃း၁။ ကော ၃း၁၀-၁၅။ ဧ ၄း၁၄-၁၆။ ၄း၁-၆။ ယော ၁၇း၂၀-၂၃။
)
၁၅။ ရေနှစ်ခြင်းမင်္ဂလာသည်
သမ္မာကျမ်းစာ ညွှန်ကြားသွန်သင်ချက်နှင့် ညီညွှတ်သည်။ ( ရော ၆း၁-၆။ ကော ၂း၁၂၊၁၃။
တမန် ၈း၃၄-၃၉။ ၁၆း၃၀-၃၃။ ၂၂း၁၆။ ၂း၃၈။ မ ၂၈း၁၉၊၂၀။ )
၁၆။ ကိုယ်တော်၏
ညစာစားပွဲ(ဝါ) ပွဲတော်မင်္ဂလာမဝင်မီ ခြေဆေးမင်္ဂလာပွဲပါဝင်ရန် ခရစ်တော်
ဘုရားမိန့်တော်မူခဲ့သည်။ ( ဗျာ ၃း၂၀။ ၁ကော ၁၀း၁၆၊၁၇။ ၁၁း၂၃-၃၀။ မ ၂၆း၁၇-၃၀။ ယော
၆း၄၈-၆၄။ ၁၃း၁-၁၇။ )
၁၇။ ဝိညာဉ်တော်ဆုကျေးဇူးများကို
သာသနာ့လုပ်ငန်းပြီးစီးနိုင်ရန် ထာဝရဘုရား သွန်းလောင်းပေးသနားတော်မူခဲ့သည်။
( ရော ၁၂း၄-၈။ ၁ကော ၁၂း၉-၁၁၊၂၇၊၂၈။ ဧ ၄း၈၊၁၁-၁၆။ တမန် ၆း၁-၇။ ၁တိ
၂း၁-၃။ ၁ပေ ၄း၁၀၊၁၁။ )
၁၈။ ဝိညာဉ်တော်ဆုကျေးဇူးများတွင်
ပါဝင်သော ပုရောဖက်ပြုခြင်းဆုကျေးဇူးသည် ကျန်ကြွင်းသော အသင်းတော်မှန်ကန်ကြောင်း
အမှတ်လက္ခဏာတစ်ခုဖြစ်သည်။ ( ယောလ ၂း၂၈၊၂၉။ တမန် ၂း၁၄-၂၁။ ဗျာ ၁၂း၁၇။ ၁၉း၁၀။ )
၁၉။ ပညတ်တော်ဆယ်ပါးသည်
ဘုရားသခင်၏ မေတ္တာတော်၊ အလိုတော်နှင့် ရည်မှန်းချက်များကို ဖော်ပြသော
ဂုဏ်တော်များဖြစ်၍ ၎င်းကို မိမိ၏ စိတ်တွင် ကိန်းအောင်းသော ခရစ်တော်၏ တန်ခိုးဖြင့်
စောင့်ရှောက်နိုင်သည်။ ( ထွက် ၂၀း၁-၁၇။ ဆာလံ ၄၀း၇၊၈။ မ
၂၂း၂၆-၄၀။ တရား ၂၈း၁-၁၄။ မ ၅း၁၇-၂၀။ ဟေဗြဲ ၈း၈-၁၀။ ယော ၁၆း၇-၁၀။ ဧ ၂း၈-၁၀။ ၁ယော
၅း၃။ ရော ၈း၃။ ရော ၈း၃၊၄။ ဆာ ၁၉း၇-၁၄။ )
၂၀။ သတ္တမနေ့ဥပုသ်စောင့်ခြင်းသည်
ဘုရားသခင်ကို ဖန်ဆင်းရှင်နှင့် ကယ်တင်ရှင်အဖြစ် အသိအမှတ်ပြုခြင်း ဖြစ်၍
ဘုရားသခင်နှင့် မိမိလူတို့စပ်ကြားတွင် တည်မြဲသော လက္ခဏာသက်သေဖြစ်၏။ ( ထွက်
၂၀း၈-၁၁။ ၃၁း၁၃-၁၇။ ယေဇ ၂၀း၁၂၊၂၀။ )
၂၁။ ကျွန်ုပ်တို့သည်
ဘဏ္ဍာစိုးများဖြစ်ကြရာ၊ ဆယ်ဖို့တစ်ဖို့နှင့် အလှူငွေများကို ပြန်လည်ပေးလှူသည့်
အပြင် အချိန်၊ အခွင့်အရေး၊ စွမ်းရည်၊ ပစ္စည်းဥစ္စာ၊ ကိုယ်ခန္ဓာ၊
သယံဇာတပစ္စည်းများကို ဘုရားသခင် ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုကာ အမှုတော်နှင့်
ဘုန်းတော်အတွက် အကောင်းဆုံး ထိန်းသိမ်းစောင့်ရှောက် အသုံးပြုကြသည်။ ( က ၁း၂၆-၂၈။
၂း၁၅။ ၅ရာ ၂၉း၁၄။ ဟဂ္ဂဲ ၁း၃-၁၁။ မာလခိ ၃း၈-၁၂။ ၁ကော ၉း၉-၁၄။ )
၂၂။ ဘုရားသခင်၏
သားသမီးတို့သည် သရုပ်ပျက်၊ ပကာသနဆန်သောအဝတ်၊ စိန်၊ ရွှေ၊ လက်ဝတ် ရတနာတို့ဖြင့်
မဆင်ယင်။ ပွဲလမ်းသဘင်၊ ရုပ်ရှင်မသွား၊ လ္ဘက်၊ ကော်ဖီမသောက်။ အရက်၊ ဆေးလိပ်၊
ကွမ်းယာ နှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သုံးစွဲခြင်း၊ ရောင်းဝယ်ခြင်းနှင့်
သယ်ဆောင်ခြင်းကို လုံး၀ရှောင်ကြဉ်သည်။
( ရော ၁၂း၁၊၂။ ၁ယော ၃း၆။ ဧ ၅း၁-၂၁။ ဖိ ၄း၈။ ၂ကော ၁၀း၅။ ၆း၁၄။ ၇း၁။
၁ပေ ၃း၁-၄။ )
၂၃။ တစ်လင်တစ်မယားစနစ်ကို
ကျင့်သုံး၍ အိမ်ထောင်မိသားစုချစ်ခင်ရင်းနှီးမှုသည် နောက်ဆုံး ဧဝံဂေလိတရား၏
အမှတ်အသားတစ်ခုဖြစ်ပါသည်။ ( က ၂း၁၈-၂၅။ မ ၁၉း၃-၉။ ယော ၂း၁-၁၀။ ၂ကော ၆း၁၄။ ဧ ၅း၂၀-၃၃။ မ ၅း၃၁၊၃၂။ မာ ၁၀း၁၁၊၁၂။ လု ၁၆း၁၈။ ၁ကော ၇း၁၀၊၁၁။ ထွက် ၂၀း၁၂။
ဧ ၆း၁-၄။ )
၂၄။ လက်ဝါးကပ်တိုင်တွင်
တစ်ကြိမ်းတည်းအပြစ်ဖြေရာယဇ်အဖြစ် ပူဇော်ခံပြီးနောက် ခရစ်တော်သည်
ကောင်းကင်ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်အဖြစ် ဆောင်ရွက်သည်။ ( ဟေဗြဲ ၈း၁-၅။ ၄း၁၄-၁၆။
၉း၁၁-၂၈။ ၁၀း၁၉-၂၂။ ၁း၃။ ၂း၁၆၊၁၇။ ဒံ ၇း၉-၂၇။ ၈း၁၃၊၁၄။ ဗျာ ၁း၇။ ၈း၁၃၊၁၄။ တော
၁၄း၃၄။ ယေဇ ၄း၆။ ဝတ် ၁၆။ ဗျာ ၁၄း၆၊၇။ )
၂၅။ ခရစ်တော်ကြွလာတော်မူခြင်းသည်
ဧဝံဂေလိတရား၏ အထွတ်အထိပ် မင်္ဂလာရှိသော မြော်လင့်ခြင်းဖြစ်ရာ၊
အချိန်နာရီမသိသောကြောင့် အချိန်မရွေးအဆင်သင့် ပြင်ဆင် နေသင့်ပေသည်။
သူတစ်ပါးတို့အားလည်း ထိုမြော်လင့်ခြင်းတွင် ပါဝင်နိုင်ရန် ပြင်ဆင်ပေးကြသည်။ ( တိ
၂း၁၃။ ယော ၁၄း၁-၃။ တမန် ၁း၉-၁၀။ မ ၂၄း၁၄။ ဗျာ ၁း၇။ မ ၂၆း၄၃၊၄၄။ ၁သက် ၄း၁၃-၁၈။ ၁ကော
၁၅း၅၀-၅၄။ ၂သက် ၁း၇-၁၀။ ၂း၈။ ဗျာ ၁၄း၁၄-၂၀။ ၁၉း၁၁-၂၁။ မ ၂၄။ မာ ၁၃။ လု ၂၁။ ၂တိ
၃း၁-၅။ ၁သက် ၅း၁-၆။ )
၂၆။ မည်သူမျှ
ငရဲသို့မရောက်သေးပေ။ အချို့မှလွဲ၍ ကောင်းကင်သို့လည်း မရောက်သေးပေ။
ခရစ်တော်ကြွလာတော်မူသောအခါ သေလွန်ပြီးသော သန့်ရှင်းသူတို့ထမြောက်၍ အသက်ရှင်နေသော
သန့်ရှင်းသူတို့နှင့်တကွ မိုးတိမ်ပေါ်သို့ ချီဆောင်ခြင်း ခံရမည်။ ( ရော ၆း၂၃။ ၁တိ
၆း၁၅၊၁၆။ ဒေ ၉း၅၊၆။ ဆာ ၁၄၆း၃၊၄။ ယော ၁၀း၁၁-၁၄။ ကော ၃း၃၊၄။ ၁ကော ၁၅း၅၁-၅၄။ ၁သက်
၄း၁၃-၁၇။ ယော ၅း၂၈၊၂၉။ ဗျာ ၂၀း၁-၁၀။ )
၂၇။ ဖြောင့်မတ်သောသူများသည်
ခရစ်တော်နှင့်အတူ အနှစ်တစ်ထောင်စိုးစံပြီးမှ မဖြောင့်မတ်သောသူများ
ရှင်ပြန်ထမြောက်လာကာ၊ သူတို့ကို လှည့်ဖြားသော စာတန်မာရ်နတ်နှင့်အတူ ငရဲမီးဖြင့်
မီးရှို့ဖျက်ဆီးခြင်း ခံရမည်။ (ဗျာ ၂၀။ ၁ကော ၆း၂၊၃။ ယေ ၄း၂၃-၂၆။ ဗျာ ၂၁း၁-၅။ မာ
၄း၁။ ယေဇ ၂၈း၁၈၊၁၉။ )
၂၈။ သန့်ရှင်းသူများသည်
ကောင်းကင်တွင် နှစ်ပေါင်းတစ်ထောင်သာ စိုးစံကြပြီး၊ ကမ္ဘာသစ်၌ ခရစ်တော်နှင့်အတူ
ထာဝရကာလပတ်လုံး စိုးစံရကြမည်။ ( ၂ပေ ၃း၁၃။ ဟေရှာ ၃၅။ ၆၅း၁၇-၂၅။ မ ၅း၅။ ၂၂း၁-၅။
၁၁း၁၅။)
28 Fundamental Beliefs
(Abbreviated) of The Seventh-day Adventist Church:
1. The Bible,
Old and New, are God’s written Word. Divinely inspired, the Bible is an
infallible revelation of His will. (2Pet.1:20-1; 2Tim.3:16-7; Ps 119:105;
Prov30:5, 6; Isa.8:20; John 17:17; 1Thes2:13; Heb4:12)
2. Trinity:God the Father, Son and Holy Spirit are worthy of worship and
adoration by whole creation. (Deut 6:4; Mt.28:19; 2Cor.13:14; Eph 4:4-6; 1Pt
1:2; 1Tim 1:17; Rev14:7)
3. God the Father: Are you in dire need? Go to the Father. He
provides! He knows your need! He is only a prayer away. (Gen1:1;
Rev.4:11; 1 Cor.15:28; John 3:16; 1 John 4:8; 1Tim 1:17; John 14:9)
4. God the Son: Are you in need of a Savior? Jesus Saves!
Call upon Him, He is waiting! (John1:1-3, 14; Col1:15-9; John10:30; 4:9;
Rom.6:23; 2Cr.5:17-9; John 5:22; Luke1:35; Phl.2:5-11; Heb.2:9-18;1Cor.15:3, 4;
Heb. 8:1, 2; John 14:1-3)
5. God the Holy Spirit:Downhearted? Trodden? The Holy Spirit moves and
inspires; comforts, revives and transforms! (Gen.1:1, 2; Luke1:35; 4:18;
Act10:38; 2Pet 1:21; 2Cor.3:18; Eph.4:11,12; Act1:8; John 14:16-26;16:7-13)
6. Creation: God created the heavens and earth and all that are therein
in six days. But He established the Sabbath as memorial of creation. What a joy
to find His rest on the 7th day! Try it! (Gen. 1; 2; Ex.
20:8-11; Ps. 19:1-6; 33:6, 9; 104; Heb. 11:3)
7. Man’s Nature: We were made in God’s image. Disobedience marred our
life but we can be recreated again! (Gen.1:26-8; 2:7; Ps.8:4-8; Act17:24-8;
Gn.3; Ps.51:5; Rom.5:12-17; 2Cor.5:19-20; Ps.51:10; 1 John4:7,8,11,20; Gen
2:15)
8. Great Controversy: Humanity is involved in the great controversy
between Christ and Satan. To assist man in this controversy, Christ sends Holy
Spirit and angels to guide, protect, sustain us into salvation. (Rev.12:4-9;
Isa14:12-4; Ezek28:12-8; Rom1:19-32; Gen6-8; Hb.1:14)
9. Christ’s Life, Death, Resurrection: Christ’s suffering, death
and resurrection, are the only means to atonefor human sin. Let’s accept the
eternal life He offers. (John3:16; Isa.53;1Pet 2:21-2;1Cor15:3,4,20-2;
2Cor5:14-15, 19-21; Rm1:4; 1John 2:2; 4:10; Phil. 2:6-11)
10. Salvation: Salvation is available in Jesus. In Him we are made the
righteousness of God. Grasp it! (2Cor 5:17-21; John 3:16; John 16:8; 1Pt 2:21,
22; Rom.10:17; Lk17:5; Mk 9:23, 24; Eph.2:5-10; Rom. 3:21-26; Col. 1:13, 14)
11. Growth in Christ:The Holy Spirit empowers and sets us free from the
burdens of the past, fear of evil powers, ignorance, and meaninglessness. (Ps
1:1, 2; 23:4;Col1:13, 14; 2:6,14,15; Luke10:17-20; Eph5:19, 20; 6:12-18; 1Thes
5:23; 2 Pet 2:9;3:18; 2Cor. 3:17,18)
12. Church: God has a community of believers who confesses Jesus. It’s
God’s family. Endeavor to find its true identity. (Gen12:3; Acts7:38; Eph.
4:11-15; Mat28:19, 20; 16:13-20; 18:18; Eph 2:19-22)
13. Remnant, Its Mission: In time of widespread apostasy, a remnant is
called out to keep God’s commands and the faith of Jesus. It announces
salvation and His second coming. (Rev12:17;14:6-12; 2Cor.5:10; Jude
3:14;1Pet1:16-19; 2Pet 3:10-14; Rev21:1-14)
14. Unity in Christ: We are all equal in Christ. In Jesus we share in
faith and hope—to reach out in one witness to all. (Rom12:4, 5; 1Cor12:12-14;
Matt.28:19, 20; Ps133:1; 2Cor5:16,17; Acts17:26-7; Gal3:27; John17:20-3)
15. Baptism: Are you tired of your old self? Be born again!
And the Holy Spirit gives you a revitalized life! (Rom6:1-6; Col2:12,13;
Acts16:30-33; 22:16; 2:38; Mat 28:19, 20)
16. Lord’s Supper: We proclaim the Lord’s death till He comes again as
we participate in the emblems of his death and resurrection. (1Cor10:16,17;
11:23-30; Matt. 26:17-30; Rev3:20; John 6:48-63; 13:1-17)
17. Spiritual Gifts: God bestows spiritual gifts to man to heal,
prophesy, proclaim, teach, administer, and reconcile; to serve, help and
encourage other people. Exercise your gift! (Rom12:4-8; 1Cor12:9-11, 27, 28;
Eph4:8,11-16; Acts:1-7;1Tim3:1-13; 1Pet 4:10,11)
18. Gift of Prophecy: Prophecy is a gift of the Holy Spirit.
E.G.White’s ministry and her writings are sources of truth that provides
comfort, guidance, instruction, and correction. (Joel 2:28, 29; Acts 2:14-21;
Heb1:1-3; Rev12:17;19:10)
19. God’s Law: God’s grace enables us to obey the 10 precepts that
express His love, will, and purposes on human conduct through the ages. Obeying
His will sets us free! (Ex.20:1-17; Matt.22:36-40; Deut. 28:1-14;
Matt.5:17-20; Heb8:10; John15:7-10; Eph2:8-10)
20. Sabbath: The Sabbath is a memorial of creation. Worshipping God on
the 7th day recognizes that we are His creation.
Celebrating the Sabbath has creative and redemptive effects in our lives. (Gen.
2:1-3; Ex. 20:8-11; Luke 4:16; Isa. 56:5, 6; 58:13, 14; Heb. 4:9)
21. Stewardship: We are stewards of time, opportunities, abilities,
blessings, and resources. Returning tithes and giving offerings to proclaim the
gospel acknowledges God’s ownership of resources entrusted to us. (Gen1:26-28;
2:15; 1 Chron29:14; Mal3:8-12; 1Cor.9:9-14)
22. Christian Behavior: God’s people are pure, healthy and joyful.
Christian taste and simplicity in adornment; abstinence from unclean food,
alcohol, drug and others, show that our bodies are God’s temple. (Rom12:1, 2;
1John 2:6; Eph.5:1-21; Phil.4:8; 2Cor10:5; 6:14-7:1)
23. Marriage and Family: Marriage is a lifelong union of man and woman
in happy companionship. It reflects permanence of relationship between Christ
and Church. Parents bring up kids to love and obey the Lord. (Gen2:18-25;
Mat19:3-9; Jn2:1-11; 2Cor6:14; Eph 5:21-33; 6:1-4)
24. Christ’s Ministry in Heaven: There’s a sanctuary in heaven. Christ
ministers on our behalf, making available to believers benefits of His atoning
sacrifice offered once for all on the cross.(Heb 8:1-5; 4:14-16; 9:11-28;
10:19-22; 1:3; 2:16, 17; Rev14:6, 7; 20:12; 14:12; 22:12)
25. Christ’s Coming: Christ is coming again! This is our blessed
hope. Are you preparing for that glorious event? (Titus2:13; Heb 9:28;
John14:1-3; Acts1:9-11; Mat.24:14; Rev1:7; 1Thes.4:13-18; 1 Cor15:51-5)
26. Death and Resurrection: The wages of sin is death. But God grants
eternal life to His redeemed at His coming. (Rom 6:23;1Tim 6:15,16; Eccl
9:5,6; Ps146:3,4;John 11:11-14; 1Thes4:13-17; Rev20:1-10)
27. 1000 Years, End of Sin: For 1000 years Christ with saints will reign
in heaven.After this, Christ, His saints and Holy City descend. Fire completely
cleanses the earth of sin; Satan and his angels are destroyed.
(Rev20;1Cor 6:2,3; Jer4:23-26; Rev21:1-5; Mal4:1; Ezek 28:18)
28. New Earth: Suffering and death will be no more at the earth
made new! God will dwell with His people for eternity. (2Peter 3:13;
Isa.65:17-25; Matt.5:5; Rev.21:1-7; 22:1-5; 11:15)
Comments
Post a Comment