ယုံကြည်ချက် (Our Beliefs)
ခရစ်တော်ကို မြော်လင့်သော သတ္တမနေ့အသင်းတော်၏ အခြေခံယုံကြည်ချက်များ ၁။ သမ္မာကျမ်းစာသည် ဘုရားသခင်၏အလိုတော်ကိုဖေါ်ပြသည့်မမှားယွင်းနိုင်သောနှုတ်တော်ထွက်စကားများဖြစ်ပြီး ခရစ်ယာန်များအတွက် တစ်ခုတည်းသောယုံကြည်ခြင်းနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာစည်းမျဉ်းဖြစ်သည်။ (၂ပေ ၁း၂၀၊၂၁။ ၂တိ ၃း၁၆၊၁၇။ သုတ္တံ ၃၀း၅၊၆။ ဟေရှာ ၈း၂၀။ ၁သက် ၂း၁၃။ ) ၂။ ထာဝရဘုရားသည် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ဝိညာဉ်တော်တည်းဟူသော သုံးပါးပေါင်းတစ်ဆူ ဘုရားဖြစ်တော်မူ၏။ (တရား ၆း၄။ မ ၂၈း၁၉။ ၂ကော ၁၃း၁၄။ဧဖက် ၄း၄-၆။ ၁ပေ ၁း၂။ ၁တိ ၁း၁၇) ၃။ ခမည်းတော်ဘုရားသည် ဖန်ဆင်းရှင်၊ မူလအစ၊ အထောက်အမနှင့် အချုပ်အခြာအာဏာပိုင် ဖြစ်တော်မူ၏။ (က ၁း၁၊၂။ လု ၁း၁၃။ ၄း၁၈။ ယော ၁၅း၂၆၊၂၇။ ၁၆း၇-၁၃။) ၄။ သားတော်ဘုရားသည် ယေရှုခရစ်တော်အဖြစ် လူဇာတိခံယူခဲ့သော ဘုရားစင်စစ်နှင့်လူသား စင်စစ်လည်း ဖြစ်တော်မူ၏။ ( ယော ၁း၁-၃၊၁၄။ ကော ၁း၁၅-၁၉။ ယော ၁၀း၃၀။ ၁၄း၉။ ) ၅။ ဝိညာဉ်တော်ဘုရားသည် ဖန်ဆင်းခြင်း၊ လူဇာတိကိုခံယူတော်မူခြင်းတို့တွင် ပါဝင်ပြီး ဥပဇ္စျာယ်ဆရာလည်း ဖြ...